Wallet Seed PhraseCrypto Wallet တစ်ခုရဲ့ အသက်က Seed Phrase ပါပဲ။
◆ Wallet တစ်ခုဖွင့်ရင် Seed 12/18/24 လုံးကို စာအုပ်ထဲ သေချာချရေးထားဖို့လိုပါတယ်။ Phone ထဲက Notebook ၊ စာအုပ်ထဲနောက်မှရေးမယ် အခုတော့ Screenshot ထားမယ်ဆိုပြီးလည်း မသိမ်းဆည်းသင့်ပါဘူးနော်။
◆ Gallery ရှင်းရင်း မှားဖြတ်မိတာဖြစ်ဖြစ် ၊ ဖုန်းပျောက် ၊ ဖုန်းပျက် ၊ ဖုန်းပြင် ၊ Factory Reset မလုပ်ခင် Backup မလုပ်ပဲ လုပ်မိတာတို့လို ဖြး်ရပ်မျိုးဖြစ်စေ ၊ Pincode / Password / Passkey တွေ အလုပ်မလုပ်တော့တာ ၊ မေ့သွားခဲ့တာဖြစ်စေ ၊ ကိုယ့် Wallet ကို ပြန်ယူချင်တယ်ဆို Seed ရှိမှ ပြန်ယူလို့ရမှာဖြစ်ပါတယ်။
◆ ဒါကြောင့် Wallet Seed ကို မှတ်ဖို့ မမေ့ပါနဲ့ ၊ မပျင်းပါနဲ့ ။ Wallet Seed ကို ဖြစ်သလိုထားပြီး အဲ့ထဲ Assets တွေ ထည့်ထားပြီးမှ အပေါ်ကအကြောင်းအရာလို အဖြစ်အပျက်မျိုး ဖြစ်လာခဲ့ရင် ကိုယ်ဖြစ်ကိုယ်ခံပါနော်။
◆
မှတ်ချက်Wallet ကို gmail နဲ့ Create လုပ်မိရင်တော့ အဲ့မှာရိုက်ထည့်ခဲ့တဲ့ Password ကိုပါ တစ်ခါတည်း စာအုပ်ထဲမှာ ချရေးထားဖို့လိုပါတယ်။
Airdrop Wallet တွေမှာ seed , key မပေးပဲ QR ပဲပေးရင်လည်း အဲ့ Qr မပျောက်အောင် သေချာထိန်းသိမ်းဖို့လိုပါတယ်